သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံခြင်း 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ‌ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၃၀-၈-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရောက်ရှိလာရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ပါ‌မောက္ခချုပ် ဒေါက်တာ‌ကေသီထွေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်ပြီး ပညာဌာနများဖြစ်ကြသည့် စာပေပညာဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာန၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနတို့မှ ဌာနမှူးများ၊ တာဝန်ခံများက အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးဒေါ်နုမြဇံက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်သို့ ရောက်ရှိပြီး ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပြီး သင်ကြားရေးဆိုင်ရာများ ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များ မှာကြားပါသည်။ ဆက်လက်ပြီး စစ်တွေမြို့မှရောက်ရှိလာသော မိုခါမုန်တိုင်း ဒဏ်ကြောင့် ပျက်စီးသွားသည့် သစ်ပင်ကြီးများ၏ သစ်မြစ်ဆုံများအား ပန်းပုရုပ်များ ဖန်တီးနိုင်ရန် နေရာချထားမှု အခြေအနေများကို စစ်ဆေးခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.