အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင်တင်ဆက်ပွဲ အခမ်းအနားကျင်းပခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ် မြောက် ပန်းချီ၊ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူ များ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ အခမ်းအနားကို ၂၅-၉-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၂)နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပါသည်။

          အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ပြင်ပပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုနှင့် ရုပ်ရှင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

          အခမ်းအနားအစီအစဉ် ပထမပိုင်းကို နေ့လယ် (၁၂)နာရီတွင် ကျင်းပပြုလုပ်ရာ ဧည့်သည် တော်များက ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည် ကြည့်ရှုကြသည်။ ထို့နောက် ရုပ်ရှင်နှင့်ပြဇာတ်‌ ကျောင်းသား၊ ကျောင်းသူများ ရိုက်ကူး တင်ဆက်သည့် “သံစဉ်များနှင့်အချစ်”၊ “တုနှိုင်းမဲ့မေတ္တာ”နှင့် “အနုပညာပန်းများ ပွင့်လန်းရာ” ဇာတ်ကားများကို ကြည့်ရှုအားပေးကြပါသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို နေ့လယ် (၂)နာရီတွင် ဆက်လက်ကျင်းပရာ ပထမဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဂုဏ်ပြုအမှာ စကားပြောကြားပါသည်။

ယင်းနောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ကျောင်းသား၊ ကျောင်းသူများက စွမ်းရည်ပြ‌ ဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက မောင်မယ်စုံစွာ ဆိုင်းမဟာ၊ ဆင့်ကမ်းမျှဝေမဟာဂီတအမွေ၊ မြူးကြွသာယာတေးသံသာ၊ ပုလဲရတုမှသည် အနာဂတ်ဆီ၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက အလှကျက်သရေဆောင် မငွေတောင်( နတ်ချင်းယိမ်း) ၊ လှပဝေဆာ အကပဒေသာ၊ မိဘကျေးဇူးအကျိုးထူး (ရုပ်သေး)၊ ကံကံ၏အကျိုး(ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ငွေ” ပြဇာတ် တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ်မြောက် ပန်းချီ၊ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင်တင်ဆက်ပွဲတွင် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၂၂) ချပ်၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းပုရုပ် (၈) ရုပ်၊ ဂီတအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ တေးဂီတ အစီအစဉ် (၄) ခု၊ သဘင်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီး အစီအစဉ် (၄) ခု၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား (၃) ကားတို့ကို တင်ဆက်ပြသဖျော်ဖြေကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ညနေ (၅:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါ သည်။

Be the first to comment

Leave a Reply

Your email address will not be published.