ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များ၏ လေ့ကျင့်နေမှုများအား  ကြည့်ရှုအားပေးခြင်း

၁၇-၁၀-၂၀၂၃ ရက်နေ့၊ ၁၅:၀၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလိုက်ပါလျက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ကုမုဒြာဆောင်သို့လာရောက်၍ (၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင် များ၏ လေ့ကျင့်နေမှုများအား  ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ပါသည်။