အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က တက္ကသိုလ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များအားတွေ့ဆုံခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး သည် နေပြည်တော်တွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်မည့်  ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ စခန်းသွင်းလေ့ကျင့်လျက် ရှိသည့် ပြိုင်ပွဲဝင်များ၊ နည်းပြများ၊ ပံ့ပိုးသူများ၊ အုပ်ချုပ်သူများအား ၁၉-၁၀-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် တက္ကသိုလ်၏ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ နေပြည်တော်သို့ သွားရောက်၍ စခန်းဝင်ရောက်စဉ်နှင့် ပြိုင်ပွဲဝင်ရောက်စဉ်ကာလအတွင်း သွားလာရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် စည်းကမ်းတကျ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့ နှင့်ပတ်သက်၍ အားပေးစကားပြောကြားခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.