သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ကုသနေသော ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တက်ရောက်လာသည့် အကဲဖြတ်ပညာရှင်အား သွားရောက် ကြည့်ရှုအားပေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် (၂၅. ၁၀. ၂၀၂၃) ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်သေးအကဲဖြတ်ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည်၊ အသက် (၈၄)နှစ်အား သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါသည်။

              အဆိုပါ သက်ကြီးရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည်သည် Diagnosis – Melena with syncope for I/T (အကြောင်းရင်းသေချာစွာ မသိရသေးသော ဝမ်းအမည်းသွားခြင်းနှင့် မူးမေ့ လဲခြင်း)တို့ကြောင့် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရွာတော်ရှိ ဆင်ဖြူရှင် ဧည့်ရိပ်သာ ဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ (၂၄.၁၀. ၂၀၂၃) ရက်နေ့၊ နေ့လယ် ၁၂:၄၀ နာရီတွင် တက်ရောက်ခဲ့ပြီး ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ် ကုသခန်း၌  လိုအပ်သော စမ်းသပ်စစ်ဆေး ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနာမှာ ဆေးရုံတက်ရောက်ချိန်တွင် ကောင်းမွန်စွာ သတိရပြီးဖြစ်ကြောင်း  သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.