အသိပေးကြော်ငြာခြင်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများကို  ပြန်လည်ခင်းကျင်းပြသနိုင်ရေး အတွက်  ဘုန်းတော်ကြီးကျောင်းများနှင့် ပုဂ္ဂလိကများမှ ဘုရင့်အသုံးအဆောင်ပစ္စည်းများအား သက်ဆိုင်ရာအထောက်အထားနှင့်တကွ လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းပစ္စည်းများအနက် ရှားပါးတန်ဖိုးကြီးမားသောပစ္စည်းဟု သတ်မှတ်နိုင်မည့် ရွေးချယ်စိစစ်ပြီးပစ္စည်းများအတွက် ဂုဏ်ပြု မှတ်တမ်းနှင့်တကွ ချီးမြှင့်ငွေပေးအပ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.