သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အနုပညာဦးစီးဌာန

လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ သုတေသနဌာနစုတွင် သုတေသနလက်ထောက်()(ဂီတ/သဘင်)နှင့် ထုတ်လုပ်ဌာနခွဲတွင် ကျွမ်းကျင်()(အဆိုအက) ရာထူးနေရာများ ခေါ်ယူခြင်း

၁။           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲ၊ သုတေသနဌာနစုတွင် တာဝန်ထမ်းဆောင်ရန် သုတေသနလက်ထောက်(၃) (ဂီတ/သဘင်)နှင့် ထုတ်လုပ်ဌာနခွဲတွင် တာဝန်ထမ်းဆောင်ရန် ကျွမ်းကျင်(၄)(အဆိုအက) ရာထူး နေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို အောက်ဖော်ပြပါအရေအတွက် အတိုင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပါသည်-

              စဉ်   ရာထူး                                       လစာနှုန်း                              ရာထူးနေရာ

              (က) သုတေသနလက်ထောက်(၃)(ဂီတ)  ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀           ၁ နေရာ

              (ခ)  သုတေသနလက်ထောက်(၃)(သဘင်) ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀         ၁ နေရာ

              (ဂ)  ကျွမ်းကျင်(၄)(အဆိုအက)             ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀          ၉ နေရာ

၂။            သုတေသနလက်ထောက်(၃)(ဂီတ/သဘင်) ရာထူးနေရာများအတွက် အောက်ဖော် ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

              (က)   သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် ဝိဇ္ဇာဘွဲ့(ဂီတ/သဘင်)ရရှိပြီးသူ ဖြစ်ရမည်၊                                             

              (ခ)   အသက် ၂၅ နှစ်ထက်မကျော်သူဖြစ်ရမည်၊ 

              (ဂ)   အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။           ကျွမ်းကျင်(၄)(အဆိုအက) ရာထူးနေရာများအတွက် အောက်ဖော်ပြပါ အရည်အချင်း နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

              (က)   ကျွမ်းကျင်(၄)(အဆိုအက)ရာထူးအတွက် ဝိဇ္ဇာဘွဲ့(ဂီတ/သဘင်)ရရှိပြီးသူ

                       (သို့မဟုတ်) အနုပညာအထက်တန်းကျောင်း(ပန်တျာ)ဆင်းပြီးသူ ဖြစ်ရမည်၊

              (ခ)   အသက် ၂၅ နှစ်ထက်မကျော်သူဖြစ်ရမည်၊ 

              (ဂ)   အနည်းဆုံးအရပ် ၅ ပေ ၂ လက်မ ရှိရမည်၊

              (ဃ)   ရုပ်ရည်ချောမောလှပသူဖြစ်ရမည်၊          

(င)     အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၄။           လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများ ဖြင့် လူကိုယ်တိုင် အနုပညာဦးစီးဌာန၊ စီမံရေးရာဌာနခွဲရုံးခန်း၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်/ မန္တလေး)၊ ထုတ်လုပ်ဌာနစု(ရန်ကုန်/မန္တလေး) သို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရုံးချိန်အတွင်း လာရောက်လျှောက်ထားရမည်ဖြစ်ပါသည်။

              (က)   CV Form (၆ လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ ၂ ပုံ)

              (ခ)    နိုင်ငံသားစိစစ်ရေးကတ်/ဝန်ထမ်းကတ်(မိတ္တူ)

              (ဂ)    အခြေခံပညာအထက်တန်းအောင်လက်မှတ်(မိတ္တူ)

              (ဃ)   အထူးပြုဘာသာရပ်အလိုက် ဘွဲ့လက်မှတ်၊ သင်တန်းဆင်းအောင်လက်မှတ်

              (င)    အလုပ်သမားမှတ်ပုံတင်မိတ္တူ

              (စ)    မိမိနေထိုင်ရာဒေသမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့မှ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်(မူရင်း)  

၅။      လက်တွေ့စစ်ဆေးခြင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၁၀၀၀ နာရီ အချိန်တွင်ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့် ရေးဇာတ်ရုံတွင် စစ်ဆေးသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အနုပညာဦးစီးဌာန၊ စီမံ ရေးရာဌာနခွဲ ဖုန်း၊ ၀၆၇-၃၄၀၈၀၃၄၊  ၀၆၇-၃၄၀၈၀၃၇၊  အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၀၁၉-၅၅၅၆၄၂၊ ထုတ်လုပ်ဌာနစု(ရန်ကုန်) ၀၁-၅၅၇၀၄၉၊ အနုပညာအထက်တန်းကျောင်း (မန္တလေး) ၀၂-၄၀၆၁၁၆၉၊ ထုတ်လုပ်ဌာနစု(မန္တလေး) ၀၂-၄၀၃၆၁၂၀ များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

                                                                                                                                                                   အနုပညာဦးစီးဌာန

                                                                       သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.