(၁/၂၀၂၃) ပညာရေးအဖွဲ့အစည်းအဝေးကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၃) ပညာရေးအဖွဲ့ အစည်းအဝေးကို ၁၅-၁၁-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊  ပညာရေးအဖွဲ့ဝင်များ၊ စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ကြပါသည်။           အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဌာနမှူး(သင်တန်းရေးရာ)က အမှာစာများ တင်ပြခြင်း၊ ပညာရေးအဖွဲ့ဝင်များက အထွေထွေညှိနှိုင်းဆွေးနွေးခြင်း၊ ပါမောက္ခချုပ်က နိဂုံးချုပ်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ၁၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။