အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာဘွဲ့၊ ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာဘွဲ့၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာဘွဲ့၊ ဝိဇ္ဇာဘွဲ့ (ဂီတ) (သဘင်) (ပန်းချီ) (ပန်းပု) (ရုပ်ရှင်နှင့်ပြဇာတ်)၊ အချိန်ပိုင်းအနုပညာဒီပလိုမာဘွဲ့နှင့် အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့တို့ကို အပ်နှင်းသည့် (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက် ၀၉၀၀ နာရီတွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ဘွဲ့များအသီးသီးအပ်နှင်းချီးမြှင့်ခဲ့ပါသည်။
(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့ (၁၇)ဦး၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာဘွဲ့ (၇)ဦး၊ ဘွဲ့လွန်အသုံးချရှေးဟောင်း သုတေသနပညာဒီပလိုမာဘွဲ့ (၈)ဦး၊ ဝိဇ္ဇာဘွဲ့ (၂၁)ဦး၊ အချိန်ပိုင်းအနုပညာဒီပလိုမာ (၁၃)ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာ (၈၀)ဦး၊ စုစုပေါင်း (၁၄၆)ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (၇)ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (၃)ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ (၂)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၂၃)ဦး၊ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာဘွဲ့ (၁၂)ဦး၊ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာဒီပလိုမာဘွဲ့ (၁၃)ဦး၊ ဝိဇ္ဇာဘွဲ့ (၃၁)ဦး၊ စုစုပေါင်း (၉၁)ဦး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့ (၁၃)ဦး၊ ဘွဲ့လွန် ပြတိုက်ပညာဒီပလိုမာဘွဲ့ (၁၆)ဦး၊ ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာဒီပလိုမာဘွဲ့ (၁၈)ဦး၊ ဘွဲ့လွန်စာကြည့်တိုက်စီမံ ခန့်ခွဲမှုပညာဒီပလိုမာဘွဲ့ (၂၄)ဦး၊ ဝိဇ္ဇာဘွဲ့ (၂၉)ဦး၊ စုစုပေါင်း (၁၀၀)ဦးအားဘွဲ့များအသီးသီး အပ်နှင်းခဲ့ရာ စုစုပေါင်း ဘွဲ့ရရှိသူ (၃၃၇) ဦးရှိကြောင်း သတင်းရရှိသည်။