အငယ်တန်းစာရေး ရာထူး(၆)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင် လစ်လပ်လျက် ရှိသော (လစာနှုန်း၊ ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး ရာထူး(၆)နေရာအတွက် အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် –

              စဉ်       ခန့်ထားမည့်ရာထူး            ပညာအရည်အချင်း                 ခန့်ထားမည့်အရေအတွက်

                  (က)     အငယ်တန်းစာရေး             တက္ကသိုလ်တစ်ခုခုမှ                         (၆)နေရာ

                                                                        ဘွဲ့ရရှိရမည်။

၂။            လျှောက်ထားသူသည်-

              (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။

              ( ခ )    လျှောက်လွှာပိတ်သည့်နေ့ ၂၉-၁၂-၂၀၂၃ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍  အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ (ဝန်ထမ်း ဖြစ်ပါက အသက်(၃၀)နှစ်ထက် မကျော်လွန်ရ။)

              ( ဂ )    ပါတီနိုင်ငံရေး ကင်းရှင်းသူဖြစ်ရမည်။

              (ဃ)    ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်သူ ဉီးစားပေး ခန့်ထားမည်။                           

၃။         လျှောက်လွှာတွင် ဓာတ်ပုံကာလာ (၃)ပုံ ( ၁” ⅹ ၁.၂၅” ) ပူးတွဲလျက် အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-

              (က)    အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊

              ( ခ )    မွေးသက္ကရာဇ်နှင့် အသက်၊

              ( ဂ )    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊

              (ဃ)    ပညာအရည်အချင်း၊

              ( င )    မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊

              ( စ )    အိမ်ထောင် ရှိ/မရှိ၊

              (ဆ)    လက်ရှိနေထိုင်သည့်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊

              ( ဇ )    အမြဲတမ်းနေရပ်လိပ်စာ(အပြည့်အစုံ)။

၄။           လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-

              (က)    ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းအထောက်အထား

                        (ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ)၊

              ( ခ )    လိပ်စာဖော်ပြပါဒေသတွင် အမှန်တကယ် နေထိုင်လျက်ရှိပါကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပါတီနိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တစ်ပတ်အတွင်း ထောက်ခံစာမူရင်း၊

              ( ဂ )    ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်း၏ တစ်ပတ်အတွင်း ထောက်ခံချက်မူရင်း၊

              (ဃ)    အလုပ်သမားမှတ်ပုံတင်မိတ္တူ (ပြင်ပပုဂ္ဂိုလ်များအတွက်သာ)၊

              ( င )    နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။

၅။           လျှောက်လွှာများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော် သို့ လိပ်မူ၍ ၂၉-၁၂-၂၀၂၃ ရက်နေ့အထိ နောက်ဆုံးထားပေးပို့လျှောက်ထားရန်နှင့် သတ်မှတ် ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီ သူများ၊ စာရွက်စာတမ်းအထောက်အထားမပြည့်စုံသော လျှောက်လွှာများကို လက်ခံထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၆။         ဖြေဆိုခွင့်ရရှိသူများစာရင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.moculture.gov.mm တွင် ကြေညာပေးထားမည်ဖြစ်ပြီး ဖြေဆိုခွင့် ခုံအမှတ်ကတ်ပြားများကို ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေ့ရက်မတိုင်မီ (၀၉ ၃၀)နာရီမှစ၍ ရုံးချိန်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ရုံးအမှတ်(၃၅) (နေပြည်တော်)တွင် ကာယကံရှင်ကိုယ်တိုင်  နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ဖြင့် လာရောက် ဆက်သွယ်ထုတ်ယူရန်ဖြစ်ပါသည်။

၇။           ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတို့ကိုအောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည် –

(က)    ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၁၇-၁-၂၀၂၄ ရက်၊ ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီ အချိန်အထိ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) ဘာသာရပ်များ ဖြေဆိုခြင်း၊

( ခ )   လူတွေ့စစ်ဆေးခြင်းနှင့် ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ကို ၁၈-၁-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စစ်ဆေးခြင်း။

၈။           ရေးဖြေ/လူတွေ့စစ်ဆေးခြင်းများပြုလုပ်ပြီးပါက ရွေးချယ်ခံရသူများအား ဌာနမှ တိုက်ရိုက် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါကြောင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.moculture.gov.mm တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။

၉။      အသေးစိတ်သိရှိလိုပါက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ ရုံးအမှတ်(၃၅)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပြီး ဖုန်း (၀၆၇-၄၀၈၂၈၃၊ ၀၆၇-၄၀၈၀၃၁ )သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

Be the first to comment

Leave a Reply

Your email address will not be published.