၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသန စာတမ်းဖတ်ပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်ဝက်) စာသင်ကာလ၏ လစဉ်သုတေသန စာတမ်းဖတ်ပွဲကို ၂၉-၁၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စွယ်တော်ဆောင်၊ ဒုတိယထပ်ရှိ ယဉ်ကျေးမှုခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော သဘာပတိများနှင့် စာတမ်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက လစဉ်သုတေသနစာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဂီတပညာဌာနမှ နည်းပြ(ဂီတ) ဒေါ်ခင်ချမ်းငြိမ်းက   “ဝန်ကြီးပဒေသရာဇာ၏  ဘဝသရုပ်ဖော်တျာချင်းများ  လေ့လာခြင်း”   ခေါင်းစဉ်ဖြင့်လည်းကောင်း၊

သဘင်ပညာဌာနမှ ကထိက(သဘင်) ဒေါ်အိအိသန့်က “အာဆီယံဒေသတွင်း အီနောင်ဇာတ်တော် တင်ဆက်ကပြပုံလေ့လာချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများဖတ်ကြားခဲ့ပါသည်။            စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် စာပေနှင့်ဂီတပညာရှင် ဒေါ်ရွှေကူနန်းနွဲ့နွဲ့နှင့် စာပေနှင့်ဇာတ်သဘင်ပညာရှင် ဦးရဲထွဋ်တို့က ဆောင်ရွက်ခဲ့ပြီး စာတမ်းအပေါ် ခြုံငုံသုံးသပ်ခြင်း၊ စာတမ်းဖတ်ပွဲတက်ရောက်လာသူများက မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နေ့လယ် ၁၂:၀၀ နာရီတွင် စာတမ်းဖတ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.