ဇုန်ဝင်ကြေး၊ ပြတိုက်ဝင်ကြေးနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်း (၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာယဉ်ကျေးမှုဇုန်များသို့ လာရောက်လေ့လာသည့် ပြည်ပနိုင်ငံခြားသားဧည့်သည်များကို တစ်ဦးလျှင် ကျပ်-၅ဝဝဝိ/-နှုန်းအစား ကျပ်-၁ဝဝဝဝိ/-နှုန်းဖြင့် လည်းကောင်း၊ မန္တလေး၊ စစ်တွေ၊ တောင်ကြီး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ ဘားအံ၊ ပုသိမ်၊ ထားဝယ်နှင့် ကျိုင်းတုံဒေသရှိ ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်များသို့ လာရောက်လေ့လာ သည့် ပြည်တွင်းဧည့်သည်များကို တစ်ဦးလျှင် ကျပ်-၂ဝဝိ/-နှုန်းမှ ကျပ်-၅ဝဝိ/-နှုန်းဖြင့်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။  ရဟန်းသံဃာများ၊ သီလရှင်များ၊ ကျောင်းသား/သူများ၊ ကလေးသူငယ်များ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကို အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုလျက်ရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.