သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်တော် ဇန်နဝါရီလ ၅ ရက်

               

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ ၁၃:၀၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှှီးမှု ခိုင်မြဲစေရန် ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဖလှယ်ရေး၊ အမျိုးသားစာကြည့်တိုက်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြောင်း စာအုပ်စာတမ်းများ လှူဒါန်းရေးနှင့် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာသဘောတူစာချုပ်ပြန်လည်ချုပ်ဆိုရေးကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

                                                                          

Be the first to comment

Leave a Reply

Your email address will not be published.