အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မဟာဝိဇ္ဇာ (ယဉ်ကျေးမှုအမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

          အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် မဟာဝိဇ္ဇာ (ယဉ်ကျေးမှု အမွေအနှစ်ပညာ) နှင့် မဟာဝိဇ္ဇာ(ပြတိုက်ပညာ) သင်တန်းများဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို  ၁၅-၁-၂၀၂၄ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီတွင် စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ရှေးဟောင်း သုတေနသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းအုပ်ကြီး များနှင့် ပညာရှင်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

          အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် အစည်းအဝေးသို့ တက်‌ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနကို သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.