သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားပြတိုက်(နေပြည်တော်)၏ ပြတိုက်ပညာပေးရေးအစီအစဉ်ကို ကြည့်ရှုအားပေး နေပြည်တော် ဇန်နဝါရီ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ၂၀.၁.၂၀၂၄ ရက်နေ့၌ အမျိုးသားပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာသည့် Nay Pyi Taw State Academy မှ ကျောင်းသား၊ ကျောင်းသူများကို လာရောက်တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားခဲ့ ပါသည်။ ဤသို့ပြောကြားရာတွင် ပြတိုက်များသည် Informal Learning System ဖြင့် အသိပညာ ဗဟုသုတများကိုပေးသည့်နေရာဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာများတွင် သင်ကြားသည့် အကြောင်းအရာများကို လက်တွေ့လေ့လာသိရှိနိုင်ကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)တွင် ကမ္ဘာပေါ်တွင် အစောဆုံးဟုသတ်မှတ်ထားသည့် လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာတွေ့ရှိခြင်းဖြင့် မိမိနိုင်ငံအတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ပြတိုက်တွင် သမိုင်းကြောင်း ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာများကို ပြသထားကြောင်း၊  ဒေါက်တာသန်းထွန်း က သမိုင်း သင်ရသည့်အကြောင်းမှာ မအအောင် သင်ကြားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ သမိုင်းမှန်ကိုသိရှိနိုင်ရန် သမိုင်းကို သင်ကြားရခြင်းဖြစ်ကြောင်း၊ လူငယ်များသည် နောင်တစ်ခေတ်တွင် ခေါင်းဆောင်များ၊ ပညာရှင်များဖြစ်လာကြမည့်သူများဖြစ်သဖြင့် မိမိတို့ အနေဖြင့် အလေးထားပါကြောင်းနှင့် ပြတိုက်တွင် ပြသထားသည့် ပြခန်းများအလိုက် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာဗဟုသုတများကို လေ့လာကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားပြတိုက်(နေပြည်တော်)ရှိ ပြခန်းများ အကြောင်းကို Video Clip ဖြင့် ပြသခဲ့ပြီး၊ ပြတိုက်ဆိုင်ရာ ဝန်ထမ်းများမှ ပြခန်းများအလိုက် ရှင်းလင်းပြသခဲ့ရာ လိုအပ်သည်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပါသည်။

၂           ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား လေ့လာခဲ့သည့်အကြောင်းများနှင့် ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုစေပြီး၊ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.