မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၃၀) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို ၁၇-၁-၂၀၂၄ ရက်နေ့၌ စွယ်တော်ဆောင်ရှိ ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၏ ပထမပိုင်းအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးဇော်ဇော်ထွန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဒုဌာနမှူး နှင့် ဦးစီးအရာရှိ(စာကြည့်တိုက်)တို့က  ပညာရပ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြပါသည်။

          ဒုတိယပိုင်း ဖျော်ဖြေရေးအစီအစဉ်၌ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်နှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု ပညာဌာနအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူများက “မောင်ချစ်နိုင်းဇော်နှင့်အဖွဲ့”(ဆိုင်းဝိုင်းအဖွဲ့လိုက်)၊ “စကားဝါမြေယိမ်း”(အက)၊ “ငွေသော်တာရောင် ခြည်သီချင်း”(အဆို၊အက)၊ “ရုပ်သေးပဒေသာ”(အက)၊ “ကျွန်တော့်မမပုသိမ်သူ”(တေးသရုပ်ဖော်)၊ “မြန်မာ့ရှုခင်းမြန်မာ့စိတ်ရင်း”(အဆို၊အတီး)၊ “မွန်နှစ်ပါးသွားယိမ်း”(အက)၊ “ရွှေမြိုင်သူယိမ်း” (အက)၊ “လက်တီးသီချင်း”(အဆို၊အက) ၊“ဒိုးအ်ရီဗီဇသီချင်း”(အဆို၊အက)၊ “ပေါက်စီနှင့် ပေါင်မုန့်”(အသံဇာတ်လမ်း) နှင့် “မဟာနွယ်(ရခိုင်တေးသီချင်း)”(အဆို၊ အက၊အတီး)တို့ဖြင့် စုပေါင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက္ကသိုလ်မောင်နှင့်မယ်ရွေးချယ်ပွဲကို ဆက်လက်ကျင်းပခဲ့ ပါသည်။

          ထို့နောက် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ အားကစား ပြိုင်ပွဲနှင့် မောင်၊မယ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဒုဌာနမှူးများက လည်းကောင်း၊

တက္ကသိုလ်မောင်နှင့်တက္ကသိုလ်မယ်ဆုကို ဒေါက်တာကေသီထွေး၊ပါမောက္ခချုပ်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ခဲ့ပြီး အခမ်းအနားကို ညနေ(၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.