သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံ – တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနား သို့တက်ရောက်ရန်အတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာရန်ကုန် – ဇန်နဝါရီ ၃၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “အာဆီယံ – တရုတ်ပြည်သူများ အကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲအခမ်းအနား”သို့ တက်ရောက်ရန်အတွက်  ၃၁.၁.၂၀၂၄ ရက်နေ့၊ ၁၅:၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Eastern Airlines လေကြောင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Pan Feng နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ ဝန်ထမ်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် အဖွဲ့ဝင်တစ်ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.