သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ အငယ်တန်းစာရေး ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်

၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ယဉ်ကျေးမှု)တွင်
လစ်လပ်လျက် ရှိသော (လစာနှုန်း၊ ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး
ရာထူး(၃)နေရာအတွက်

အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့်ပြည့်စုံကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်

စဉ် ခန့်ထားမည့်ရာထူး ပညာအရည်အချင်း ခန့်ထားမည့်အရေအတွက်
(က) အငယ်တန်းစာရေး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည်။ (၃)နေရာ

၂။ လျှောက်ထားသူသည်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
( ခ ) လျှောက်လွှာပိတ်သည့်နေ့ ၂၉-၂-၂၀၂၄ ရက်နေ့၌
ကျန်းမာရေးကောင်းမွန်၍ အသက်(၁၈)နှစ်ပြည့်ပြီး
အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ (ဝန်ထမ်း ဖြစ်ပါက
အသက်(၃၅)နှစ်ထက် မကျော်လွန်ရ။)
( ဂ ) ပါတီနိုင်ငံရေး ကင်းရှင်းသူဖြစ်ရမည်။
(ဃ) ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်သူ ဉီးစားပေး ခန့်ထားမည်။

၃။ လျှောက်လွှာတွင် ဓာတ်ပုံကာလာ (၃)ပုံ ( ၁” ၁.၂၅” ) ပူးတွဲလျက်
အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်-

(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်မိတ္တူ၊

အလုပ်သမားမှတ်ပုံတင်မိတ္တူ၊

( ခ ) မွေးသက္ကရာဇ်နှင့် အသက်၊
( ဂ ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ၊
(ဃ) ပညာအရည်အချင်း၊
( င ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊
( စ ) အိမ်ထောင် ရှိ/မရှိ၊
(ဆ) လက်ရှိနေထိုင်သည့်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊
( ဇ ) အမြဲတမ်းနေရပ်လိပ်စာ(အပြည့်အစုံ)။

၄။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
(က) ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းအထောက်အထား
(ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ)၊
( ခ ) လိပ်စာဖော်ပြပါဒေသတွင် အမှန်တကယ် နေထိုင်လျက်ရှိပါကြောင်း၊
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပါတီနိုင်ငံရေးကင်းရှင်းကြောင်း
သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တစ်ပတ်အတွင်း
ထောက်ခံစာမူရင်း၊
( ဂ ) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်း၏
တစ်ပတ်အတွင်း ထောက်ခံချက်မူရင်း၊
(ဃ) အလုပ်သမားမှတ်ပုံတင်မိတ္တူ (ပြင်ပပုဂ္ဂိုလ်များအတွက်သာ)၊

( င ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူး၏ ခွင့်ပြုကြောင်းနှင့်
ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း။

၅။ လျှောက်လွှာများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊
နေပြည်တော် သို့ လိပ်မူ၍ ၂၉-၂-၂၀၂၄ ရက်နေ့အထိ
နောက်ဆုံးထားပေးပို့လျှောက်ထားရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပေးပို့လာသော
လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ၊
စာရွက်စာတမ်းအထောက်အထားမပြည့်စုံသော လျှောက်လွှာများကို
လက်ခံထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၆။ ဖြေဆိုခွင့်ရရှိသူများစာရင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Website www.moculture.gov.mm တွင် ကြေညာပေးထားမည်ဖြစ်ပြီး ဖြေဆိုခွင့်
ခုံအမှတ်ကတ်ပြားများကို ရေးဖြေစာမေးပွဲ ဖြေဆိုမည့်နေ့ရက်မတိုင်မီ (၀၉ ၃၀)နာရီမှစ၍
ရုံးချိန်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊
အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ရုံးအမှတ်(၃၅) (နေပြည်တော်)တွင်
ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)ဖြင့် လာရောက်
ဆက်သွယ်ထုတ်ယူရန်ဖြစ်ပါသည်။
၇။ ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းတို့ကိုအောက်ဖော်ပြပါအစီအစဉ်အတိုင်း
ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည် –

(က) ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၁၂-၃-၂၀၂၄ ရက်၊ ၁၀:၀၀ နာရီမှ
၁၂:၀၀ နာရီ အချိန်အထိ (မြန်မာစာ၊ အင်္ဂလိပ်စာ၊
အထွေထွေဗဟုသုတ) ဘာသာရပ်များ ဖြေဆိုခြင်း၊
( ခ ) လူတွေ့စစ်ဆေးခြင်းနှင့်
ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ကို ၁၃-၃-၂၀၂၄
ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် စစ်ဆေးခြင်း။

၈။ ရေးဖြေ/လူတွေ့စစ်ဆေးခြင်းများပြုလုပ်ပြီးပါက ရွေးချယ်ခံရသူများအား ဌာနမှ
တိုက်ရိုက် ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါကြောင်းနှင့်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.moculture.gov.mm တွင်
ကြေညာပေးထားမည်ဖြစ်ပါသည်။
၉။ အသေးစိတ်သိရှိလိုပါက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊
ဝန်ကြီးရုံး(ယဉ်ကျေးမှု)၊ ရုံးအမှတ်(၃၅)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်
လာရောက်စုံစမ်းနိုင်ပြီး ဖုန်း (၀၆၇-၄၀၈၂၈၃၊ ၀၆၇-၄၀၈၀၃၁ )သို့
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.