သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အားသွားရောက်ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဉီးမြင့်ဦး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မြင့် တို့နှင့်အတူ ၃၀-၁-၂၀၂၄ ရက်နေ့တွင် အမှတ်(၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာအုပ်စင်ခန်းကို ကြည့်ရှုစစ်ဆေးရာ အခန်းတာဝန်ခံက ရွေ့လျားစာအုပ်စင်များဖြင့် ၁၉၆၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် စာအုပ်များအနက်မှ စာအုပ်ပေါင်း ငါးသိန်းကျော်ကို စုဆောင်းထိန်းသိမ်း ထားရှိပါကြောင်း၊ စာအုပ်ဖတ်ရှုလိုသူများအတွက် အွန်လိုင်းကတ်တလောက်များမှ ရှာဖွေ၍ စာကြည့်တိုက်မှူးများမှတစ်ဆင့် ငှားရမ်းဖတ်ရှုနိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CCTV Room၊ Data Centre၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တို့ကိုလည်းကောင်း၊ ပထမထပ်ရှိ Digital Library Room၊ Audio/Video Room နှင့် Multimedia Room တို့ကိုလည်းကောင်း၊ ဒုတိယထပ်ရှိ အထွေထွေစာဖတ်ခန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်) မြေညီထပ်ရှိ ပြပွဲခန်းမတွင် စာအုပ်ထုတ်ဝေရေး အသင်း၊ စာအုပ်တိုက်များနှင့်ပူးပေါင်း၍ စာအုပ်ပြပွဲများ၊ စာအုပ်ဈေးပွဲတော်များ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)အနေဖြင့် Confrence Hall တွင် လူ ၂၅၀ ခန့် အသုံးပြုနိုင်သည့် အခမ်းအနားများ ကျင်းပနိုင်ရန်နှင့်ခေတ်မီ Digital ဝန်ဆောင်မှုများကို ဖန်တီးဆောင်ရွက် ထားရှိပြီး Online နှင့် Offline ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ကလေးစာကြည့်တိုက်တွင် ကလေးများအတွက် ကလေးစာပေဆိုင်ရာ စာအုပ်များ၊ ပုံပြောခန်းများ စီစဉ်ဆောင်ရွက် ပေးထားခြင်းအပြင် Audio Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်းကား များ၊  မြန်မာ့ယဉ်ကျေးမှုနှင့် တိုင်းရင်းသားဓလေ့ဆိုင်ရာ Documentary Film များ အပတ်စဉ်/လစဉ် ပြသမည့်အစီအစဉ်များကို စီစဉ်ဆောင်ရွက်ထားရှိပါသည်။ အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့်  စာပေဆိုင်ရာ e-Resources များအား အမျိုးသား စာကြည့်တိုက်(ရန်ကုန်)၏ Website www.nlm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.