အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပထမအကြိမ် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၁၆-၂-၂၀၂၄ ရက်နေ့ ညနေ ၂:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဂီတပညာဌာနနှင့် သဘင်ပညာဌာန ကိုယ်စားပြု ကုမုဒြာအဖွဲ့၊ ပန်းချီပညာဌာနနှင့်ပန်းပုပညာဌာန ကိုယ်စားပြု ကံ့ကော်အဖွဲ့နှင့် ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနနှင့်ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ကိုယ်စားပြု သဇင်အဖွဲ့ စသည့် အဖွဲ့ ၃ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ဌာနမှူး(စီမံ/ဘဏ္ဍာ) ဦးမျိုးဦး က ထမနဲထိုးရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ပါမောက္ခ/ဌာနမှူး(သဘင်) ဦးခိုင်ထွန်းက ထမနဲပွဲအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြပြီး ‌ပါမောက္ခချုပ် ဒေါက်တာကေသီထွေး  က မောင်းတီး၍ ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါသည်။

ပထမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပထမဆု ရရှိသော ပန်းချီပညာဌာနနှင့် ပန်းပုပညာဌာန ကိုယ်စားပြု ကံ့ကော်အဖွဲ့ကို ပါမောက္ခချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဂီတပညာဌာနနှင့်သဘင်ပညာဌာန ကိုယ်စားပြု ကုမုဒြာအဖွဲ့ကို ဌာနမှူး(စီမံ/ဘဏ္ဍာ)က လည်းကောင်း၊ တတိယဆုရရှိသော ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ကိုယ်စားပြု သဇင်အဖွဲ့ကို ဌာနမှူး(သင်တန်းရေးရာ)က လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.