ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ကြည့်ရှုစစ်ဆေး နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် အဆောင် များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်း မိသားစုများနှင့် အပျိုဆောင်/လူပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများ အနေဖြင့် အိမ်ရာနှင့်အဆောင်လုံခြုံရေးအသိဖြင့် ဧည့်သည်များ၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်း မပြုရန်နှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်ပါက သက်ဆိုင်ရာ ဦးစီးဌာနများသို့ သတင်းပို့၍ ခွင့်ပြုချက်ရရှိမှသာ တည်းခိုရန်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရန်၊ မိမိတို့ တိုက်နှင့်အဆောင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊  အမှိုက်များ စွန့်ပစ်ရာတွင် စနစ်တကျ မြေမြှုပ်စွန့်ပစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အတွက် မီးမရှို့ရန်၊ ဝန်ထမ်း အိမ်ရာများနှင့် အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ၊ ရေစီးရေလာ ကောင်းမွန်အောင်ပြုလုပ်ရန်၊ လျှပ်စစ်မီးများကို ဂရုစိုက်သုံးစွဲရန်နှင့် LED မီးလုံး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်ရန် ကျန်ရှိနေသည်များကို ဆက်လက် လဲလှယ်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်နှင့် လုံခြုံရေးအထူး သတိပြုရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဝန်ထမ်းမိသားစုများ စိုက်ပျိုးထားသော သီးပင်စားပင် စိုက်ခင်းများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Be the first to comment

Leave a Reply

Your email address will not be published.