အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ သီးသန့်အစည်းအဝေး

SENIOR OFFICIALS COMMITTEE FOR THE

ASEAN SOCIO-CULTURAL COMMUNITY COUNCIL (SOCA) RETREAT

၂၇.၂.၂၀၂၄                                                                                             နေပြည်တော်

          ၂၀၂၄  ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး တို့က ကြီးမှူးကျင်းပပြုလုပ်သည့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက် အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဆင့် သီးသန့်အစည်းအဝေးကို (၂၇.၂.၂၀၂၄) ရက်နေ့၊ ၁၃:၀၀ နာရီမှ ၁၅:၃၀ နာရီအထိ Online ဖြင့် ကျင်းပခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် ရုံးလုပ်ငန်း အဖွဲ့ဝင်များနှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် ASCC လုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေး၌ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် ASCC အတွက် အဆိုပြုထားသော လာအိုနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူရမည့် ဦးစားပေးကဏ္ဍများနှင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ၄၄ နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် အာဆီယံခေါင်းဆောင်များ အတည်ပြုနိုင်ရန်နှင့် မှတ်တမ်းတင်ရန်အတွက် ပြုစုထားရှိသည့် မှတ်တမ်းမှတ်ရာများ၊ ၂၀၂၅ အလွန် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ မဟာ ဗျူဟာအစီအစဉ်များ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် အရေးပေါ်လုပ်ငန်းအစုအဖွဲ့နှင့် စပ်လျဉ်းသည့် လုပ်ငန်းလမ်းညွှန်များ၊ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်ရုံးရှိ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် တွဲဖက်အရာရှိများနှင့်စပ်လျဉ်းသော ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။    

Be the first to comment

Leave a Reply

Your email address will not be published.