မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄)

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏  အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ (၂၂) ရက် နံနက် (၁၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ကျင်းပရာ  မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ ဥက္ကဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Online မှ တက်ရောက်ကြသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့်တကွ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာတိုင်းရင်းသားလူမျိုးများ၏  အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က အဖွင့်အမှာစကားပြောကြားခြင်း၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော  နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင် တို့က ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များက သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံများအကြောင်းကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.