ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း၂၆-၄-၂၀၂၄၊ နေပြည်တော်

ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့၊ မွန်းလွဲ (၃:၀၀)နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Orientation ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သံအမတ်ကြီး Dr. Md. Monwar Hossain၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ဦးစွာ သံအမတ်ကြီး Dr. Md. Monwar Hossain က အမျိုးသားစာကြည့်တိုက်(နေပြည်တော်) သို့ စာအုပ်များလှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ စာအုပ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်ဆိုင်ရာ စာအုပ်များကို လှူဒါန်းခဲ့ရာ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက စာအုပ်များ လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သံအမတ်ကြီး Dr. Md. Monwar Hossain နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။