သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်ခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ၆.၅.၂၀၂၄ ရက်နေ့မှ ၁၀.၅.၂၀၂၄ ရက်နေ့အထိ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ C ဆောင်၌  ကျင်းပပြုလုပ်ခဲ့ ပါသည်။

သင်တန်းဖွင့်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်က တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းဆရာများ၊ သင်တန်းသား/ သူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးကိစ္စရပ်များ ဆောင်ရွက် နေသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ သတင်းရေးသားရာတွင် အချိန်နှင့် တစ်ပြေးညီ ရေးသားနိုင်စေရန်၊ သတင်းထုတ်ပြန်နိုင်ရေး အဆင်ပြေချောမွေ့စေရန်နှင့် ဝန်ကြီး ဌာနများ၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းစဉ်များ လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါ သင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းဆရာများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ စာတည်းမှူးချုပ်၊ ဒေါ်ခင်ရတနာ၊ သတင်းထောက်မှူးနှင့် ဌာနတွင်း ဘာသာရပ် ဆိုင်ရာ ဆရာများက သင်ကြားပို့ချပေးကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လူကိုယ်တိုင် တက်ရောက်သည့် သင်တန်းသား ၂၁ ဦးနှင့် Online စနစ်ဖြင့် တက်ရောက်သည့် သင်တန်းသား ၁၆ ဦး စုစုပေါင်း သင်တန်းသားဦးရေ ၃၇ ဦး တက်ရောက်ခဲ့ပါသည်။