၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၏ လုပ်ငန်းဖြစ်သည့် အနုပညာအထက်တန်းကျောင်း(မန္တလေး) (၂)ထပ် ကျောင်းသူ အိပ်ဆောင် သံကူကွန်ကရစ် (၁)လုံး တည်ဆောက်ခြင်းလုပ်ငန်း ၂(၁၅၀’ x ၄၀’) + (၄၀’x ၂၀’) (အတွင်းရေ၊ မီး၊ မိလ္လာ၊ Apron & Drain၊ Ground Tank၊ Pump House & Overhead Tank အပါအဝင်) ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ တင်ဒါလျှောက်လွှာများအား အောက်ဖော်ပြပါအတိုင်း ဝယ်ယူနိုင်ရန် အသိပေး အကြောင်းကြားအပ်ပါသည်-
(က) တင်ဒါစတင်ရောင်းချမည့်ရက်/ အချိန် – ၇- ၅ – ၂၀၂၄ ရက်၊ (၀၉၃၀)နာရီ
( ခ) တင်ဒါပိတ်မည့်ရက်/ အချိန် – ၂၀ – ၅ – ၂၀၂၄ ရက်၊ (၁၄၀၀)နာရီ
( ဂ) တင်ဒါပုံစံ ရောင်းချမည့်နေရာ/ – အနုပညာဦးစီးဌာန(ရုံးချုပ်)၊ သာသနာရေးနှင့်
တင်ဒါတင်သွင်းရန် နေရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်
(ဃ) ဝယ်ယူရေးလုပ်ငန်းအတွက် တင်ဒါပုံစံ(၁)စောင်လျှင် ကျသင့်တန်ဖိုး ၁၀၀၀ဝိ/-(ကျပ် တစ်သောင်းတိတိ)
၃။ အသေးစိတ် သိရှိလိုပါက တယ်လီဖုန်းနံပါတ် (၀၉၇၈၈၀၀၀၄၅၇)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
***မှတ်ချက်။ တင်ဒါဖွင့်မည့်နေ့ရက်နှင့်အချိန်ကို ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပါသည်။