ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကျင်းပခြင်း

          ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ၂-၆-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ  ဦးဌေးအောင် က အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဒေါက်တာကေသီထွေး က ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည် သုံးသပ်စကားပြောကြားပါသည်။

          ဆက်လက်၍ ပြိုင်ပွဲနှင့်ပတ်သက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်  ပညာရှင်များက အကြံပြုဆွေးနွေးကြပါသည်။ ထို့နောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ  ဦးဌေးအောင် က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အစည်းအဝေးကို ၁၅:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။