သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ နေပြည်‌တော် ဇွန် ၁၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် Mrs. Ponnamperuma Arachchige Prabashini Ponnamperuma ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ ၁၁:၀၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြားထေရဝါဒဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ သံဃာတော်များအား ၎င်းတို့၏ဆောင်ရွက်မှုအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ နှစ်စဉ်ပေးအပ်လျက်ရှိမှုအခြေအနေများ၊ သီရိလင်္ကာနိုင်ငံမှ ရွှေကျင်နိကာယ၊ ရာမညနိကာယ၊ အမရပူရနိကာယ၊ စိရမ်နိကာယ စသည့် နိကာယ ၄ ရပ်လုံးမှ ထေရ်ကြီးဝါကြီး ဆရာတော်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ  ချီးမြှင့်ဆက်ကပ်လျက်ရှိမှုများ၊ ထေရဝါဒဗုဒ္ဓသာသနာ တော်နှင့်ပတ်သက်၍ သံဃာတော်များအား နှစ်နိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များတွင် ပညာတော်သင် စေလွှတ်သင်ကြားပေးနိုင်ရေး အခြေအနေများ၊ မြန်မာ-သီရိလင်္ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေပြု၍ ဘာသာရေးနှင့်ယဉ်ကျေးမှုကဏ္ဍများကို ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ မြန်မာနိုင်ငံရှိ ထင်ပေါ်ကျော်ကြားသောတန်ခိုးကြီးဘုရားများသို့ သီရိလင်္ကာနိုင်ငံသား များလာရောက်ဖူးမြော်ရန်ဖိတ်ခေါ်ပါကြောင်းနှင့် ဘာသာရေး၊ ယဉ်ကျေးမှုအခြေပြုခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။