ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခြင်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၇

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၁၈-၇-၂၀၂၄ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန