သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တေးသီချင်းရေးဖွဲ့နည်း သင်တန်းဖွင့်ပွဲ နှင့် တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားသို့တက်ရောက် ဇွန် ၁၇  ရန်ကုန်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အမျိုးသားရေး စရိုက်လက္ခဏာ များပါဝင်သော တေးသီချင်းကောင်းများ‌ ပေါ်ထွက်လာစေရန် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အရေးဘာသာရပ်အနေဖြင့် စနစ်တကျ အရည်အသွေး ပြည့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာအရည်အသွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် တေးသီချင်း ရေးဖွဲ့နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက စွယ်တော် ဆောင် အစည်းအဝေးခန်းမတွင်ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တေးပြုစာဆိုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ဂီတသမိုင်း တစ်လျှောက်တွင် ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အလိုက် တေးသီချင်းများ ပေါ်ပေါက်ခဲ့ပါကြောင်း၊ မြန်မာ့ဂီတ၏ ကြီးမားသောပြောင်းလဲမှု ဖြစ်စဉ်အနေဖြင့် ကိုလိုနီခေတ်ကစ၍ တေးသားရေးဖွဲ့မှုပုံစံနှင့်  တေးသွားဖွဲ့နွဲ့မှုတွင်ပါ  အနောက်တိုင်းဟန်များ  ရောယှက်

လာသည်ကို တွေ့ရပါကြောင်း၊ အဆိုပါခေတ်တွင် ပေါ်ထွန်းခဲ့သော တေးသီချင်းများ အနေဖြင့် ခေတ်ဟောင်းတေးသီချင်း၊ ကာလပေါ်တေးသီချင်း၊ ဓမ္မတေးများမှာ ယနေ့ခေတ်တိုင် ထင်ရှားကျော်ကြားလျက်ရှိပါကြောင်း၊  ဂန္ထဝင်တေးများအဖြစ် ကျော်ကြားစွာ ရပ်တည်နိုင်ခြင်းမှာ မှန်ကန်၍ စနစ်ကျနသော ရေးထုံး၊ ရေးဖွဲ့နည်းများ ကြောင့်ပင် ဖြစ်ပါကြောင်း၊ တေးသီချင်းရေးသားနည်းပညာရပ်သည် ဂီတပညာရပ် နယ်ပယ်တွင် ခက်ခဲနက်နဲသိမ်မွေ့သည့် မြင့်မားသောပညာရပ်တစ်ခု ဖြစ်ပါကြောင်း၊  အရေးပညာရပ်သည် အဆို၊ အတီး ပညာရပ်များသာမက စာပေရေးသားမှုပညာရပ် များ ပေါင်းစပ်ပါဝင်နေပါကြောင်း၊  တေးသီချင်းရေးဖွဲ့နည်းပညာရပ်များကို လက်ဆင့် ကမ်းမျှဝေပေးနိုင်ရုံ သာမက တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း ပညာရှင်များ ပို့ချပေးသော နည်းစနစ်များကို တိကျသေချာစွာ နာယူ မှတ်သားပြီး မိမိတို့၏ လက်တွေ့ ဆောင်ရွက်မှုနယ်ပယ်တွင် အကျိုးရှိစွာ ပြန်လည် အသုံးချနိုင်ရန်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်ကြားမည့် တေးပြုစာဆိုပညာရှင်ကြီးများ နှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ တစ်ဦးချင်း မိတ်ဆက်ခြင်းတို့ ပြုလုပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းသည်။ တေးသီချင်းရေးဖွဲ့နည်းသင်တန်းကို (၅) ရက် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်လျက် ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် တက္ကသိုလ်အဆင့် ဘာသာ ရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် (၁၁) နာရီ (၁၅) မိနစ်တွင် စွယ်တော်ဆောင်၊ ယဉ်ကျေးမှုခန်းမတွင်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသောပညာရှင်များ၊ စာတမ်းသဘာပတိများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

          အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ သုတေသနမူဝါဒ (၄) ချက်ဖြစ်သည့် သုတေသနသည် သင်ကြားရေး၏ အသက်သွေးကြောဖြစ်၍ သုတေသနလုပ်ငန်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသော သုတေသနရလဒ် ကောင်းများ ဖြစ်ထွန်းလာရေး၊ အရည်အသွေးပြည့်မှီ၍ ပီပြင်သော သုတေသနဂျာနယ် ထုတ်ဝေနိုင်ရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သုတေသနရပ်ဝန်း (Research Environment) တစ်ခု အဖြစ် ထူထောင်နိုင်ရေးတို့ကို အကောင်အထည်ဖော်သည့်အနေဖြင့် တက္ကသိုလ်အဆင့် သုတေသနစာတမ်းဖတ်ပွဲ များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မှစပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ တစ်နှစ်လျှင် အနည်းဆုံး (၂) ကြိမ်ကျင်းပသွားနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်အဆင့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများကို ဆောင်ရွက် သွားမည်ဟု သိရှိရပါကြောင်း၊ သုတေသနစာတမ်းတင်သွင်း သူ တစ်ဦးချင်းအနေဖြင့် လည်း အရည်အသွေးစစ်တမ်းထုတ်သည့် မှတ်ကျောက်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုစာတမ်းများသည် တက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသနလုပ်ငန်း လိုအပ်ချက်တွေနှင့်အညီ ထွက်ပေါ်လာသည့် စာတမ်းများ ဖြစ်သည့်အတွက် ကြောင့် တက္ကသိုလ်၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေ ရေးမှာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မုဒိတာစကားပြောကြားသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက စာတမ်း ဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။           ထို့နောက် တက်ရောက်လာကြသောဧည့်သည်တော်များနှင့် စာတမ်းရှင်များ စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။ စာတမ်းဖတ်ပွဲအခမ်းအနားကို ဇွန်လ (၁၇)ရက်နေ့တွင် သဘင်ပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနနှင့် ဂီတပညာဌာန တို့မှ စာတမ်းရှင်များကလည်းကောင်း၊ ဇွန်လ (၁၉) ရက်နေ့တွင် ပန်းပုပညာဌာန၊ ပန်းချီပညာဌာန၊ စာပေပညာဌာနနှင့် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန တို့မှ စာတမ်းရှင်များက ဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။