တေးသီချင်းရေးဖွဲ့နည်း သင်တန်း ဖွင့်လှစ်သင်ကြားခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အမျိုးသားရေး စရိုက်လက္ခဏာများ ပါဝင်သော တေးသီချင်းကောင်းများ‌ ပေါ်ထွက်လာစေရန် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အရေး ဘာသာရပ်အနေဖြင့် စနစ်တကျ အရည်အသွေး ပြည့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာအရည်အသွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် တေးသီချင်းရေးဖွဲ့နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၇-၆-၂၀၂၄ ရက်နေ့ နံနက်(၁၀)နာရီ၌  စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တေးပြုစာဆို ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား များ တက်ရောက်ကြသည်။ တေးသီချင်းရေးဖွဲ့နည်းသင်တန်းကို ၁၇-၆-၂၀၂၄ ရက်နေ့မှ ၂၄-၆-၂၀၂၄ ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချပြီး သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်သည်။