မန်ကျည်းပျိုးပင်များမြေချစိုက်ပျိုးခြင်း

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဝင်းအတွင်းတွင် မန်ကျည်းမျိုးစေ့ (၃၀၀၀) ခန့်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ စွယ်တော်ဆောင် လက်ဝဲဘက်ကွက်လပ်ရှိ ပျိုးဥယျာဉ်တွင် ပျိုးအိတ်များဖြင့်ထည့်၍ စိုက်ပျိုးခဲ့ရာ ထိုမန်ကျည်းပျိုးပင်များသည် အမြင့် နှစ်ပေကျော်ခန့် ရှင်သန် ကြီးထွားလာပြီဖြစ်ပါသည်။

          ၂၁-၆-၂၀၂၄ ရက်နေ့၊ နံနက် ၇:၀၀ နာရီတွင် တက္ကသိုလ်ဝင်း ဒဂုံ(အမျိုးသားဆောင်)ရှေ့ရှိ ရေကန်ပတ်လည်တစ်လျှောက်တွင်  အဆိုပါ မန်ကျည်းပျိုးပင်များ မြေချစိုက်ပျိုးခြင်းကို ပါမောက္ခချုပ် ဒေါက်တာကေသီထွေး က ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး ပူးပေါင်းစိုက်ပျိုးခဲ့ကြပါသည်။