“ဘာသာပြန်ပြိုင်ပွဲ(Translation Competition)”ကျင်းပခြင်း

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ သည် ယဉ်ကျေးမှုအနုပညာလုပ်ငန်းများကို ပြည်ပအဖွဲ့အစည်းများနှင့် ကျယ်ပြန့်စွာ ဆက်စပ် လှုပ်ရှားဆောင်ရွက်လျက်ရှိရာ အင်္ဂလိပ်စာအရည်အသွေး တိုးတက်ကောင်းမွန်စေရန်၊ မိမိနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ကျွမ်းကျင်ပိုင်နိုင်စွာ ဘာသာပြန်ဆိုတတ်စေရန် ရည်ရွယ်၍ ဘာသာပြန် (Translation Competition) ပြိုင်ပွဲကို ၂၁-၆-၂၀၂၄ ရက်နေ့တွင် စွယ်တော်ဆောင်(AA-202) ၌ နံနက် ၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅)ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

          ဘာသာပြန်ပြိုင်ပွဲတွင် ပထမဆုကို ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ မောင်နိုင်ချေေ၊ ပ/ရပ-၁၄၊ ဒုတိယဆုကို သဘင်ပညာဌာနမှ မမေမြတ်သူ တ/သဘ-၆၊ တတိယဆုကို ပန်းချီပညာဌာနမှ မောင်တိုးနိုင်ထူး၊ ပ/ပခ-၇၊ ဂုဏ်ပြုဆုများအဖြစ် ပန်းချီပညာဌာနမှ မသန့်ဖြူဖြူထွန်း၊ ဒု/ပခ-၄၊  သဘင်ပညာဌာနမှ မခွန်းဆက်လှိုင်၊ ဒု/သဘ-၈နှင့် ဂီတပညာဌာနမှ မဖြိုးသဇင်၊ တ/ဂတ(စောင်း)-၅ တို့က ဆုများအသီးသီးရရှိခဲ့ကြပြီး ဘာသာပြန်ပြိုင်ပွဲဆုများအား ဤတက္ကသိုလ်၏ အခမ်းအနားပွဲ များ၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။