မန်ကျည်းပျိုးပင်များ ဒုတိယအကြိမ် မြေချစိုက်ပျိုးခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ဝင်းအတွင်းတွင် မန်ကျည်းပင်မျိုးစေ့ (၃၀၀၀) ခန့်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍  စွယ်တော်ဆောင် လက်ဝဲဘက် ကွက်လပ်ရှိ ပျိုးဥယျာဥ်တွင် ပျိုးအိတ်များဖြင့်ထည့်၍ စိုက်ပျိူးခဲ့ရာ မန်ကျည်းပျိုးပင်များသည် စိမ်းလန်းစိုပြည်၍ ရှင်သန်ကြီးထွားလာပြီး အမြင့် နှစ်ပေကျော်ခန့်ရှိလာပြီဖြစ်ရာ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၉ နာရီတွင် ကံ့ကော်ဆောင်ဘေးရှိ မြေကွက်လပ်၌ မြေချစိုက်ပျိုးခဲ့ကြပါသည်။

          အဆိုပါ မန်ကျည်းပျိုးပင်များမြေချစိုက်ပျိုးခြင်းကို ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဦး‌ဆောင်၍ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအောင်မြင်စွာ ပူးပေါင်းစိုက်ပျိုးခဲ့ကြပါသည်။