၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ ဌာနအဆင့် သုတေသနစာတမ်းဖတ်ပွဲ(၄/၂၀၂၄)ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ သုတေသနမူဝါဒဆိုင်ရာ ဦးတည်ချက် (၄)ရပ်ဖြစ်သည့် သုတေသနသည် သင်ကြားရေး၏ အသက်သွေးကြောဖြစ်၍ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်‌ရေး၊ အရည်အသွေးပြည့်မီသော သုတေသနရလဒ်ကောင်းများ ဖြစ်ထွန်းလာရေး၊ အရည်အသွေးပြည့်မီ၍ ပီပြင်သော သုတေသန ဂျာနယ်ထုတ်ဝေနိုင်ရေး၊  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကို သုတေသန ရပ်ဝန်း (Research Environment) တစ်ခုအဖြစ် ထူထောင်နိုင်ရေးတို့ကိုရည်ရွယ်၍ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ ဌာနအဆင့် သုတေသနစာတမ်းဖတ်ပွဲ(၄/၂၀၂၄)ကို  ၁၇-၇-၂၀၂၄ ရက်နေ့တွင် စွယ်တော်ဆောင်၊ ဒုတိယထပ်ရှိ ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ သက်ဆိုင်ရာ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ သဘာပတိများ၊ စာတမ်းရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၂၃)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။           စာတမ်းဖတ်ပွဲတွင် ဦးစိုးသီဟ၊နည်းပြ(ဂီတ)က “ပတ်ဝိုင်းတူရိယာတီးခတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ကျော့ကျော့ယဉ်၊ လက်ထောက်ကထိက (သဘင်)က “ဇာတ်သဘင် နှလုံးသား ဇာတ်စာ၊ ဇာတ်စကား၊ ဇာတ်ချင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ကြပြီး သဘာပတိများအဖြစ် ပါမောက္ခ၊ ဌာနမှူး(ဂီတ) ဒေါ်ပြုံးမြမြကြည်နှင့် ပါမောက္ခ၊ ဌာနမှူး(သဘင်) ဒေါ်ဝင်းပပတို့က ဆောင်ရွက်ခဲ့ကြပါသည်။