သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၅ ရက်

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ရန်ကုန်မြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ၁၅:၀၀ နာရီတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာရေး၊ နှစ်နိုင်ငံဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံ အကြားပြတိုက်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရှေ့ဆက် ဆောင်ရွက်နိုင်မည့် အဓိကအရေးပါမှုရှိသော အခြေအနေများ၊ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေပြု၍ ဘာသာရေး၊ ယဉ်ကျေးမှု အခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။