ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း နေပြည်တော် ၊ ဇူလိုင်လ ၂၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၉၁ ကန်အား ပြန်လည် တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရေကန် (၂၂)ကန် ပြန်လည်တူးဖော် ထိန်းသိမ်းပြီး ဖြစ်ပါသည်။ ရေကန် (၇) ကန်ကို ပြန်လည်တူးဖော် ထိန်းသိမ်းရေး ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

ကျန်ရှိနေသော ရေကန်များကိုလည်း ဆက်လက်၍ တူးဖော်ထိန်းသိမ်း ကန်ဆယ် မည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများအနေဖြင့် တတ်စွမ်းသမျှ လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန် တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ အလှူငွေများကို လက်ခံသွားမည် ဖြစ်ပါသည်။

 ပါဝင်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊ နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၈၄၁၈)၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ (ဖုန်း ၊ ၀၉-၅၀၆၁၈၃၂၊ ၀၁-၇၅၁၃၈၉၇)၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ (ဖုန်း၊ ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁)၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ (ဖုန်း၊ ၀၉-၂၀၀၁၉၀၆၊ ၀၆၁-၂၄၆၀၂၆၉) နှင့် KBZ Bank NYAUNG OO BRANCH ACCOUNT No.06713906701442701 တို့သို့ ပေးပို့ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

                                                                       သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန