တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ(၄)ဦးအားပညာရည်ချွန်ဆုချီးမြှင့်ခြင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)(၃/၂၀၂၄) အခမ်းအနား

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ၁၂-၇-၂၀၂၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး (၄)ဦး အား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း၊ ဝန်ထမ်းများ၏ ကျောင်းနေ သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) (၃/၂၀၂၄)အခမ်းအနားကို  အမျိုးသား၏ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ ဒုတိယထပ်၊ ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သော ဝန်ထမ်းသားသမီး (၄)ဦး အား ပညာရည်ချွန်ဆု ချီးမြှင့်ပေးခဲ့ပါသည်။ ဆက်လက်၍  ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ငွေများကို ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်(စီမံ)က လက်ခံရယူခဲ့ပါသည်။

          အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ဝန်ထမ်းများ၏ (၃/၂၀၂၄) ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က တင်ပြဆွေးနွေးခြင်း၊ ဌာနများမှ ပါမောက္ခ/ဌာနမှူးများက ဌာနများ၏ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခြင်း၊ ဆရာ၊ ဆရာမများက တင်ပြဆွေးနွေး ခြင်း၊ ပါမောက္ခချုပ်က ဌာနများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ညနေ ၄:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။