သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂ဝ၂၄ ခုနှစ်၊ ဧကူနဝီသတိမ အကြိမ်မြောက် (၁၉ ကြိမ်မြောက်)ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဩဂုတ် ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ၂ဝ၂၄ ခုနှစ်၊ ဧကူနဝီ သတိမအကြိမ်မြောက်(၁၉ ကြိမ်မြောက်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ (သောကြာနေ့)၊ နံနက် ၉:၃ဝ နာရီ အချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ် အမှူးပြု၍ ပင့်သံဃာ ဆရာတော်ကြီး ၉ ပါး ကြွရောက် ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်၍ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။           ထို့နောက် ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး၊ ဒုတိယဝန်ကြိး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။