ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် လာအိုနိုင်ငံသို့ထွက်ခွာရန်ကုန်ဩဂုတ် ၁၁ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပမည့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ယနေ့ ၁၆:၂၅ နာရီတွင်  Myanmar Airways International လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားသည်။

              ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

              အဆိုပါခရီးစဉ်တွင်ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ၊ ဒေါက်တာနန္ဒာမွှန်း (အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ လိုက်ပါသွားကြောင်း သိရသည်။

              သတင်းစဉ်