သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မန္တလေးဒေသသို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၃၁-၈-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမျိုးသားကဇာတ်ရုံ(မန္တလေး)၌ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးများပြန်လည်တူးဖော်ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ) ဦးဝင်းကြိုင်၊ မြန်မာမှု ကျွမ်းကျင်ပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)၊ ပြင်ပ ပညာရှင် ဦးပေါက်ပေါက်၊ ပြင်ပ ပညာရှင် ဦးချိုဇော်မင်း၊ ပြင်ပ ပညာရှင် ဦးမော်မော်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါ သည်။ အဆိုပါ အစည်းအဝေးကျင်းပရခြင်းသည် ကေတုမတီမြို့ဟောင်းကို ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်နိုင်ရန်၊ ဆောင်ရွက်မည့်ဧရိယာအတွင်းတွင် ပုဂ္ဂလိကအဆောက်အအုံများ၊ သာသနိက အဆောက်အအုံများရှိနေ၍ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေဘဲ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော် ဘဏ္ဍာငွေများ မလိုအပ်ဘဲ ကုန်ကျခြင်းများ မရှိစေရန်၊ ပညာရှင်များ၏ အကြံဉာဏ်များ ရယူ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရှင်များ၏အကြံပြုချက်များအရ ပေ၊ ပုရပိုက်၊ နံရံ ဆေးရေးပန်းချီများမှ အထောက်အထားများရယူခြင်း၊ Google Map, Previous Server အထောက်အထားများအရလည်းကောင်း၊ ကောင်းကင်ဓာတ်ပုံများမှ ကေတုမတီ မြို့ဟောင်း၏ အတိတ်ပုံရိပ်အထောက်အထားများ၊ UTM Map အထောက်အထားများကို ရှာဖွေ စုဆောင်းသွားရန် လိုအပ်ကြောင်း၊ ထို့အပြင်GPR(Ground- Penetrating Radar) စက်ဖြင့် မြေအောက်ရှိ ကြွင်းကျန်သော ယဉ်ကျေးမှုအမွေအနှစ်အထောက်အထားများကို ရှာဖွေတိုင်းတာ အသုံးပြု၍ အဆိုပါစက်ဖြင့် လက်တွေ့တူးဖော်သုတေသနပြုလုပ်ငန်းများ မဆောင်ရွက်မီ သုတေသနလုပ်ငန်းများအတွက် သတင်းအချက်အလက်များကို များစွာအထောက်အကူပြုနိုင် ကြောင်း၊ သို့ဖြစ်ပါ၍   GPR   စက်ဖြင့်  လေ့ကျင့်သင်ကြားပေးထားသော ပညာရှင်များပါဝင်သည့်

အဖွဲ့ ဖွဲ့စည်း၍ ဦးစွာလေ့လာစမ်းသပ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပညာရှင်များ၏ အကြံဉာဏ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှားအယွင်းနည်းစေသော ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်ထိန်းသိမ်းခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။