၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ အခမ်းအနား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား၊ ကျောင်းသူများ၏ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီ တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပြင်ပ ပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုနှင့် ရုပ်ရှင် အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူ များနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

             ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ (၂၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား၊ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ တွင် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၃၆) ကား၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူ များ၏ ပန်းပုရုပ် (၅)ရုပ်၊ ဂီတအထူးပြုကျောင်းသား၊ ကျောင်းသူ များ၏ တေးဂီတအစီအစဉ် (၄)ခု၊ သဘင်အထူးပြုကျောင်းသား၊ ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီးအစီအစဉ်(၅)ခု၊ ရုပ်ရှင်နှင့်ပြဇာတ်အထူးပြု ကျောင်းသား၊ကျောင်းသူ များ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား (၃) ကား တို့ကို တင်ဆက်ပြသဖျော်ဖြေကြပြီး အခမ်းအနားကို ညနေ (၁၆:၃၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။