သင်ကြားရေးဆိုင်ရာနည်းစနစ်များ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (Pedagogical training: professional code of ethics in teaching profession and civil services) ပို့ချမှုသင်တန်း ဖွင့်လှစ်ခြင်း

          အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဘာသာရပ်ဆိုင်ရာ သင်ကြားရေး ဆရာ၊ ဆရာမ (နည်းပြသစ်) များအား ဆရာတစ်ဦး၏ သင်ကြားရေးဆိုင်ရာတာဝန်ဝတ္တရားများ၊ ကျင့်ဝတ်များ၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများ၊  သင်ကြားရေး နယ်ပယ်၌ တွေ့ကြုံရမည့်အခက်အခဲများကို သိရှိစေခြင်း၊ သင်ကြားရေးဆိုင်ရာ ဗဟုသုတများ ပိုမိုကြွယ်ဝ၍ နိုင်ငံ့တာဝန်ကို အရည်အသွေးပြည့်ဝစွာထမ်းဆောင်နိုင်သည့် သင်ကြားရေးဝန်ထမ်း များအဖြစ် တာဝန်ထမ်းဆောင်နိုင်စေခြင်း၊ ထူးချွန်သည့် မျိုးဆက်သစ် အနုပညာရှင်ကောင်း များအား ပိုမိုထိရောက်အောင်မြင်အောင် လေ့ကျင့်သင်ကြား မွေးထုတ်သွားနိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားသည့် “သင်ကြားရေးဆိုင်ရာနည်းစနစ်များ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ (Pedagogical training: professional code of ethics in teaching profession and civil services) ပို့ချမှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၈-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(သင်တန်းရေးရာ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ သင်တန်းပို့ချမည့် ဆရာ၊ဆရာမများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် ရန်ကုန် ဌာနခွဲမှှ အရာထမ်း(၃)ဦး၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)မှ အရာထမ်း(၁)ဦး၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) မှ အရာထမ်း (၂)ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ နည်းပြသစ် (၁၀)ဦးနှင့် အမှုထမ်းသစ်(၁)ဦး၊ စုစုပေါင်း သင်တန်းသား (၁၇)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် (သင်ကြား)က လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပါမောက္ခ/ဌာနမှူး(စာပေ)ကလည်းကောင်း၊  အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူးကလည်းကောင်း သင်ကြား ပို့ချခဲ့ကြပါသည်။

           “သင်ကြားရေးဆိုင်ရာ နည်းစနစ်များ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ (Pedagogical training: professional code of ethics in teaching profession and civil services) ပို့ချမှုသင်တန်း” ကို ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၃၁-၁၀-၂၀၂၄ ရက်နေ့အထိ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်တွင် ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဌာနမှူးများက သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။