(၇)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (MKCF) အစီအစဉ်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ကြီးမှူးဆောင်ရွက်သည့် Mekong Creative Film Festival (Traditional Games and Foods) မဲခေါင်ဒေသတွင်းဖန်တီးမှု ရုပ်ရှင်ပွဲတော်(ရိုးရာအားကစားများနှင့်အစားအစာများ)စီမံကိန်း၏ဒုတိယလုပ်ငန်းစဉ်ဖြစ်သည့် “မှတ်တမ်းရုပ်ရှင်ဖန်တီးသူ လူငယ်များအား ပျိုးထောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” Documentary Film Incubator Workshop ကို မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ၁၃-၁၀-၂၀၂၄ ရက်နေ့မှ ၃-၁၁-၂၀၂၄ ရက်နေ့အထိ နိုင်ငံအလိုက် ကျင်းပလျက်ရှိပါသည်။
၁၉.၁၀.၂၀၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ TK, Palace Hotel & Convention ၌ DEEP DOC Pitching 2024 (Traditional Games and Foods) အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးလှခိုင်နှင့် စီမံကိန်းအဖွဲ့ဝင် ဆရာမ(၃)ဦး၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်နှင့် အဝေးသင်တက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူ (၁၀)ဦး စုစုပေါင်းအဖွဲ့ဝင် (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။