သင်ကြားရေးဆိုင်ရာနည်းစနစ်များ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (Pedagogical training: professional code of ethics in teaching profession and civil services) ပို့ချမှုသင်တန်းဖွင့်လှစ်သင်ကြားပြီးစီးခြင်း

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဘာသာရပ်ဆိုင်ရာ သင်ကြားရေး ဆရာ၊ ဆရာမ (နည်းပြသစ်) များအား ဆရာတစ်ဦး၏ သင်ကြားရေးဆိုင်ရာတာဝန်ဝတ္တရားများ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊  သင်ကြားရေး နယ်ပယ်၌ တွေ့ကြုံရမည့်အခက်အခဲများကို သိရှိစေခြင်း၊ သင်ကြားရေးဆိုင်ရာ ဗဟုသုတများ ပိုမိုကြွယ်ဝ၍ နိုင်ငံ့တာဝန်ကို အရည်အသွေးပြည့်ဝစွာထမ်းဆောင်နိုင်သည့် သင်ကြားရေးဝန်ထမ်း များအဖြစ် တာဝန်ထမ်းဆောင်နိုင်စေခြင်း၊ ထူးချွန်သည့် မျိုးဆက်သစ် အနုပညာရှင်ကောင်း များအား ပိုမိုထိရောက်အောင်မြင်အောင် လေ့ကျင့်သင်ကြား မွေးထုတ်သွားနိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားသည့် “သင်ကြားရေးဆိုင်ရာနည်းစနစ်များ၊ ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (Pedagogical training: professional code of ethics in teaching profession and civil services) ပို့ချမှုသင်တန်း” ကို ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၃၁-၁၀-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ၃၁-၁၀-၂၀၂၄ ရက်နေ့၊ ၁၃:၀၀ နာရီတွင် သင်တန်းပြီးဆုံးမှုစစ်ဆေးခြင်းနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခ၊ ဌာနမှူးများအား  သင်တန်းသား၊ သင်တန်းသူများက သင်ယူခဲ့သော သင်ခန်းစာများကို ပြန်လည် တင်ဆက် ရှင်းလင်းပြသခဲ့ကြပါသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)တို့က သင်တန်းဆင်းလက်မှတ်များ ကို သင်တန်းသား၊ သင်တန်းသူ (၁၇)ဦးတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ၁၅:၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။