သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန၌သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးအခမ်းအနားကျင်းပခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ၁-၁၁-၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀)နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ ပြင်ပပညာရှင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြပါသည်။

ပထမဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံကအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်ပြီးနောက် သင်ကြားရေးပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၏ သင်ကြားရေးပိုင်းတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ၏ ပံ့ပိုးမှုအပိုင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်မျိုးက ရေးဆွဲပြီးစီးသည့် သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ က နိဂုံးချုပ်စကား ပြောကြားပြီး အခမ်းအနားကို နေ့လယ်ပိုင်းတွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။