အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ ကြသည့် သဘင်ပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး(သဘင်) ဒေါ်ဝင်းပပ ဦးဆောင်သည့်အဖွဲ့၊ ဦးကျော်စွာဝင်း ဦးဆောင်သည့်အဖွဲ့တို့သည် ၎င်းတို့၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းပွဲကို ၁၃-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
အတွေ့အကြုံများ ရှင်းလင်းပွဲတွင် ပါမောက္ခ၊ ဌာနမှူး(သဘင်) ဒေါ်ဝင်းပပ ဦးဆောင်သည့် အဖွဲ့က ၂၄-၉-၂၀၂၄ ရက်နေ့မှ ၂၈-၉-၂၀၂၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၂၄ (21st China – ASEAN Expo 2024)သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ဦးကျော်စွာဝင်း ဦးဆောင်သည့်အဖွဲ့က ၉-၇-၂၀၂၄ ရက်နေ့မှ ၂၆-၇-၂၀၂၄ ရက်နေ့အထိ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် ကျင်းပသည့် “မတူကွဲပြားသော ယဉ်ကျေးမှုဆက်နွှယ်မှုမြှင့်တင်ရေး အာဆီယံယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ရထားခရီးစဉ် (ASEAN Heritage Train Enhancing Connectivity towards Cultural Diversity) သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။