သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ကို လက်ခံတွေ့ဆုံ နေပြည်တော် ဒီဇင်ဘာ ၄ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် (H.E. Mr. Sholban Kara-Ool) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ ၁၀:၄၅ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ လောကနတ်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမို တိုးတက်ခိုင်မာစေရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်ကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်တို့အကြား လက်မှတ်ရေးထိုးမည့် အော်သိုဒေါ့ဘုရားကျောင်း တည်ဆောက်ရေးဆိုင်ရာ နှစ်နိုင်ငံအကြား လက်မှတ်ရေးမည့် သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖိုရမ်သို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရုရှားနိုင်ငံ၏ခန့်ညားသော ဗိသုကာလက်ရာ၊ အနုပညာ လက်ရာ၊ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းထားရှိမှု၊ ရုရှားလူမျိုးတို့၏ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်မှုကို လေ့လာသိရှိခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် အကြောင်းများ ကိုလည်း ရှင်းလင်းပြောဆိုခွင့်ရရှိခဲ့သည့်အတွက် နှစ်နိုင်ငံယဉ်ကျေးမှုဆက်ဆံရေးကိုလည်းများစွာ အထောက် အကူဖြစ်ခဲ့သည့်ကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘာသာ၊သာသနာဆိုင်ရာ ခရီးစဉ်များ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး လေကြောင်းခရီးစဉ်ဆောင်ရွက်ရန် ကိစ္စရပ်များ၊   မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ဘာသာရေးနှင့်ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လို ပါကြောင်း ကမ်းလှမ်းလာမှုအပေါ်တွင်လည်း ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရိုးရာယဉ်ကျေး မှုများ အပြန်အလှန် လေ့လာဖလှယ်နိုင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကိစ္စရပ်များ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး အပြန်အလှန်ဖလှယ်နိုင်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် အဓိကအရေးပါမှုရှိသောကိစ္စရပ်များ စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။