၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့ အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံကို ကျင်းပပြုလုပ်လျက်ရှိရာ ၅-၁၂-၂၀၂၄ ရက်နေ့၌ မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံးတရားဝင် သတ်မှတ် ခံခဲ့ရပြီ ဖြစ်ပါကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်သတင်းကောင်းပါးအပ်ပါသည်။