မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဝင်ရောက်ခဲ့သည့်အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများအား ကျေးဇူးတင်လွှာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၇)ရက်နေ့အထိ ပါရာဂွေးသမ္မတနိုင်ငံ၊ အာဆွန်စီယွန် မြို့တွင်  ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် “Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage” အစည်းအဝေးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ဆုံးဖြတ် ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အတွက် အဓိကပါဝင် ကူညီပံ့ပိုးပေးခဲ့သော ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အားလည်းကောင်း၊ အဆိုပြုစာတွဲ တင်သွင်းရေး အတွက် သတင်းနှင့်နည်းပညာ အချက်အလက်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြင်သစ် နိုင်ငံရှိ ယူနက်စကိုဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်၊ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်ဇေယျနှင့်သံရုံးဝန်ထမ်းများအားလည်းကောင်း၊ ဝိုင်းဝန်းအားဖြည့်ဆောင်ရွက် ပံ့ပိုးပေးခဲ့ကြ သောတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပုဂံအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့၊ ပုဂံမြို့အာနန္ဒာမြတ်စွာဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပြင်ဦးလွင်)၊ မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး၊ မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံး၊ ဝိသာခါဖောင်ဒေးရှင်း၊ TMW Enterprise Limited၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊  မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ရက်(ရန်ကုန်)၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး စောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြင့်မြတ်သူစေတနာသွေးလှူရှင်အသင်းနှင့် လူနာတင်ယာဉ် ကူညီမှုအသင်း(ညောင်ဦးမြို့)၊ ပုဂံညောင်ဦးဧည့်လမ်းညွှန်များအသင်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းနှင့် အသင်းအဖွဲ့များ၊ စစ်ကိုင်း မြို့နယ်ရှေ့နေများအဖွဲ့၊ နန်းဦးမြို့သစ်လူငယ်များ ဘုံဆွမ်းလောင်းအသင်း(စစ်ကိုင်းမြို့)၊ မွန်မြတ်သော စေတနာပရဟိတအသင်း(စစ်ကိုင်းမြို့)၊  ခရိုင်အမျိုးသမီးရေးရာအဖွဲ့(စစ်ကိုင်းမြို့)၊ စစ်ကိုင်းမြို့မဈေးမှ ဈေးသူဈေးသားများ၊ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် စာရေးဆရာ အသင်း၊ အောင်ဆန်း လူငယ်နာရေးကူညီမှုနှင့် ပရဟိတလူမှုအကျိုးပြုအဖွဲ့(နတ်မောက်မြို့)၊ မွန်ပြည်နယ်ဗီဒီယိုအခြေခံ အဖွဲ့၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ၊ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့(စစ်တွေမြို့)၊  စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသင်္ကြန်ကျင်းပရေးကော်မတီ တို့အားလည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် လိုအပ်သည့် သင်္ကြန် မှတ်တမ်းများနှင့် နောက်ခံစကားပြော ပံ့ပိုးကူညီ ဆောင်ရွက်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် Living Myanmar Media Group အားလည်းကောင်း၊ အဆိုပြုစာတွဲများ တင်သွင်းရာတွင် လိုအပ်သည့်  ဘာသာပြန်ဆို ဆောင်ရွက်ပေးခဲ့သော  ပညာရေးဝန်ကြီးဌာန၊  ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ပြင်သစ်ဘာသာဌာနအားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒ ပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ရန် အချက်အလက်များ ရှာဖွေစုဆောင်းပြုစု၍ ယူနက်စကိုသို့ အဆိုပြုစာတွဲများ အချိန်မီပေးပို့ တင်သွင်းနိုင်ရေးအတွက် အထူးကြိုးစားဆောင်ရွက်ခဲ့ကြသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလည်းကောင်း၊ အနုပညာဦးစီးဌာနမှ တာဝန်ရှိသူများအားလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများအား လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအား လည်းကောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စတင်ခဲ့ကြသည့် ပုဂံခေတ်ကာလမှ ယနေ့အထိ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် မြန်မာ ပြည်သူ၊ ပြည်သား အပေါင်းတို့အားလည်းကောင်း၊ ဤစာဖြင့်ဖော်ပြရာတွင် မပါဝင်ခဲ့သော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ ကူညီဆောင်ရွက်ပေးသူများ အားလုံးတို့ကိုလည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် အထူးပင်ကျေးဇူး ဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန